Thursday, April 7, 2016

Galaxy Ace 2 I8160 ဖုန်းကို CM 12.1 ROM ထည့်သွင်းပြီး Android 5.1.1 Lollipop တင်နည်း





Galaxy Ace 2 I8160 ဖုန်းကို CM 12.1 ROM ထည့်သွင်းပြီး 
Android 5.1.1 Lollipop တင်နည်းကိုအားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Galaxy Ace 2 I8160 ဖုန်းကို Android 5.1.1 Lollipop တင်သုံးချင်တယ်
ဆိုရင်တော့ မိမိဖုန်းမှာ Root access ရရှိထားရမယ်၊ ပြီးရင် CWM Recovery 
ထည့်သွင်းထားရပါမယ်၊ အဆိုပါ လိုအပ်ချက်များနဲ့ ပြည့်စုံတယ်ဆိုရင်တော့
CM 12.1 ROM အရင်ထည့်သွင်းပြီး Google Apps ကိုထည့်သွင်းလိုက်ရင် အဆင်ပြေပါပြီ။


လိုအပ်ချက်များ
=========
၁။ သင့်ဖုန်းမှာ Root Access ရရှိထားပြီးသားဖြစ်နေရပါမယ်။

၂။ CWM & TWRP Recovery တစ်ခုခုထည့်သွင်းထားပြီးသားဖြစ်ရပါမယ်။

ငြင်းဆိုချက်
========
ယခုဖေါ်ပြ Custom Rom Flashing Guide သည် Official အတိုင်းလမ်းညွှန်ပေးထားခြင်း
ဖြစ်ပါသည်၊ အကြောင်းတစ်ခုခုကြောင့် ပျက်စီးသွားခဲ့သည်ရှိသော် လုံးဝတာဝန်မယူပါ။

ဖေါ်ပြပါ လမ်းညွှန်သည် ပြည့်စုံမှု မပြည့်စုံမှုထက် Custom Rom တင်ယူရန်အတွက်
မိမိရဲ့ OWN Risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။












CWM recovery ထည့်သွင်းနည်း
==================
ဒီဖုန်းကို CWM recovery ထည့်သွင်းဖို့ရန်အတွက် မိမိဖုန်းမှာ Root ဖောက်ထား
ပြီးသားတော့ ဖြစ်နေရပါမယ်၊ အသင့်ဖြစ်ပြီဆိုရင်တော့ ထည့်သွင်းနည်းကိုဆက်ဖတ်ကြည့်လိုက်ပါ။


၁။ အပေါ်မှ ဒေါင်းလော့လင့်တွင် CWM recovery.zip ဖိုင်ကိုဒေါင်းလော့ရယူပါ
ပြီးရင် ဖုန်းရဲ့ SD Card သို့ကူးထည့်လိုက်ပါ၊ zip ကိုလုံးဝ မဖြည်ရ။

၂။ ဖုန်းမှာ Recovery Mode သို့ဝင်ပေးရပါမယ်၊ ဒီအတွက် Power +Volume up + Home ကီး
များကို Recovery Mode သို့ရောက်တဲ့အထိ တစ်ပြိုင်တည်းတွဲနှိပ်ထားလိုက်ပါ၊ 

၃။ Recovery Mode တွင် install zip from SD card’ option မှ 
‘choose zip from SD card’ >>CWM recovery.zip ဖိုင်ကို 
ရွေးချယ်ပြီး Flash ပေးလိုက်ပါ။

၎။ CWM Recovery ကို Flash process တစ်ခုပြုလုပ်နေတုန်းခနစောင့်ပါ
ပြီးရင် main menu သို့ပြန်လာပြီး reboot system now ကိုနှိပ်ပေးပြီး ဖုန်းကို
Reboot ချပေးလိုက်ပါ၊ ပြန်တက်လာလို့ရှိရင်တော့ ဒီဖုန်းအတွက် နောက်ဆုံး
ထွက် CWM Recovery ကိုထည့်သွင်းပြီးပါပြီ။


How to Install CM12 Android 5.1.1 Lollipop
==========================
၁။ ပထမဆုံး မိမိဖုန်းမှာ CWM recovery ထည့်သွင်းထားမှုကို
သေချာအောင်ပြုလုပ်ရပါမည်။

၂။ ဖုန်းကို Backup ပြုလုပ်ထားလိုက်ပါ



၃။ ဖုန်းကိုပါဝိတ်ပြီး Power + Volume Down များကိုတွဲနှိပ်ပြီး
CWM recovery mode သို့ဝင်လိုက်ပါ CWM recovery mode တွင်
Wipe Data/Factory data reset, Wipe Cache များကို ရှင်းထုတ်ပေးပါ


၎။ ပြီးရင် Advance > ကိုနှိပ်ပြီး Reboot Recovery ကိုရွေးချယ်ပြီး တစ်ချက်နှိပ်လိုက်ပါ 
ဖုန်းမှာ Recovery Mode သို့ပြန်လည်ရောက်သွားပါလိမ့်မယ်။


၅။ CWM recovery Mode တွင် Install Zip > Choose Zip from SD card >
သွားလိုက်ပြီး CM 12.1 ROM.zip ဖိုင်ကိုရွေးချယ်ပြီး Flash ပေးလိုက်ပါ၊


၆။ CWM recovery mode တွင် နောက်ထပ်တစ်ကြိမ်
Wipe Data/Factory data reset, Wipe Cache များကို ရှင်းထုပ်ပါ။

၇။ ပြီးသွားတဲ့အခါ Googleapps.zip ဖိုင်ကိုလည်း နည်းတူ Flash ထပ်ပေးပါ။

၈။ အားလုံးပြီးသွားရင်တော့ Main menu သို့ပြန်လာခဲ့လိုက်ပါ။

၉။ "Reboot system now" ကိုနှိပ်ပေးပြီး ဖုန်းကို Reboot ချလိုက်ပါ။


၁၀။ ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ ဗားရှင်း Android 5.1.1 Lollipop လေးလန်းနေပါလိမ့်မယ်။




အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)


အိုင်တီကျောင်းသားလူငယ်

No comments:

Post a Comment