Tuesday, March 29, 2016

Write protected လုပ်ထားသော USB Flash Disk ကို Format ချနည်း

ကျွန်တော်ရဲ့ Memory Stick လေးက Write protected ဖြစ်သွားလို့ တိုင်ပတ်ရာကနေ ရှာတွေ့ခဲ့တာပါ။ ဘယ်လို Format ချချ This disk is write protected ပဲ ပြနေပါသည်။ cmd ဖြင့်လည်း မရ သိသမျှနည်းလမ်းနဲ့ မရတဲ့အဆုံး ကျွန်တော်ရဲ့ ငတလေးအားကိုးစရာ ဖြစ်တဲ့ Google လေးရဲ့ အကူအညီနဲ့ ရရှိခဲ့တယ်ပေါ့ဗျာ။  


နည်းလမ်းလေးကတော့
Run ဖွင့်ပြီး regedit ရိုက်ပြီး Register Editor ဆီသွားရမှာဗျာ။
Run ကတော့ Start ---> Run သို့ Window Key + R တစ်ခုခုပေါ့။ အဲဒိထဲမှာပဲ regedit ရိုက်ပြီး Enter နှိပ်လိုက်ပါ။ ဒါဆို Register Editor ပွင့်လာပါလိမ့်မည်။ အောက်က ပုံကတော့ Run Box မှာ regedit ရိုက်ပုံ ပြထားပါသည်။
ဒါကတော့ Registry Editor ပါ။ အဲဒိထဲကမှ တတိယမြောက် HKEY_LOCAL_MACHINE သို့သွားရမှာပါ။
ေေေ အောက်က ပြထားသည့်အတိုင်း HKEY_LOCAL_MACHINE  ကနေ SYSTEM ပြီးတော့ CurrentControlSet ထဲဝင်ပြီး Contol ထဲမှာ StorageDevicePolicies ဆိုတာကို ရှာပါ ရှိနေလားဆိုတာ။
ရှိနေတဲ့သူက ခဏစောင့်ပါ။ ဒါက မရှိနေတဲ့သူတွေအတွက်ပါ။ မရှိဘူးဆိုရင် အပေါ်က Control ကို R.clik နှိပ်ပြီး New Key နှိပ်လိုက်ပါ။ ရလာတဲ့ New Key ကို StorageDevicePolicies လို့အမည်ပေးပြီး Key Folder တည်ဆောက်လိုက်ပါ။ ပြီးရင် ရှိနေတဲ့သူကော မရှိလို့ဆောက်ထား လိုက်ရတဲ့ သူပါ အောက်က ပြထားသည့်အတိုင်း StorageDevicePolicies ကို R.Click နှိပ် New ပြီးတော့ မိမိ Window Version အတိုင်း 32 bit သမားက DWORD (32-bit), 64 bit များကလည်း DWORD (64-bit) ကိုရွေးချယ်လိုက်ပါ။ အမည်ကိုတော့ WriteProtect လို့အမည်ပေးပါ။

အောက်ပါအတိုင်း ရလာပြီးဆိုရင်တော့  WriteProtect Key ကို double click နှိပ်ပြီး တန်ဖိုးကို hexadecimal ရွေးထားပြီး Value အကွက်မှာ "0" ရွေးပေးပါ။
      ပြီးရင်တော့ ကွန်ပျူတာကို Restart ချပြီး ပြန်တက်အလာမှာ Memory Stick တက်ပြီးတော့ Format ချလို့ရပါပြီး။ နောက်လည်း Data တွေ အထည့်အသွင်းရသွားမှာပါ။

အိုင်တီကျောင်းသားလူငယ်

Memory Stick၊ Flash Drive များနှင့် exe Virus

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbJPCFrgwE7VIkHoHGUAH-6L9mRlulZaxYArZ9zPFvjYTi-3OawbAu8psxHD4QzvJBCkkQ0lldutM7Gxz2mvHfY0b7JORKzG28KcKbx4PdTOXtLE6FZaePPdfjGsHxr4J89kTWxo3cpoQ/s1600/usb-memory-stick.jpg

Memory Stick များနှင့် External Hard disk များကိုကွန်ပျူတာများတွင် တပ်ဆင်အသုံးပြုရာ၌ ကြုံတွေ့ရသည့် Virus များအနက် exe virus ကို command prompt အသုံးပြု၍ ရှင်းလင်းနည်းဖြစ်ပါသည်။
 Antivirus Software  Update မဖြစ်သည့်ကွနပျူတာများအတွက် အတိုင်းအတာတစ်ခုအထိ
စိတ်ချ ရစေမည် ဖြစ်သည့်အပြင် ကွန်ပျူတာတွင်အသုံးပြုသည့် Dos Command အကြောင်းကိုလည်းသိရှိနားလည်စေနိုင်မည် ဖြစ်ပါသည်။
ပထမဦးစွာ Flash Drive ကိုကွန်ပျူတာတွင်တပ်ဆင်ပြီးနောက်  Run တွင် cmd ကိုရိုက်၍ Command Prompt သို့ဝင်ရောက်ရပါမည်။
ထို့နောက် cmd တွင် dir h:\*.exe /a ဟုရေးသား၍ Enter နှိပ်ရပါမည်။ ၄င်း command တွင် Dir h:\ ၏ဆိုလိုရင်းမှာ dir သည် Folder များ၊
File များကိုကြည့်ရှူရန်အတွက်ဖြစ်ပြီး h:\ သည် ကွန်ပျူတာတွင် တပ်ဆင်ထားသော  Memory Stick ၏ Drive Name ဖြစ်ပါသည်။
*.exe တွင် *. သည် Memory Stick H အတွင်းရှိ Folder များအားလုံးကို သီးသန့်ကြည့်ရှူရန်အတွက် ဖြစ်ပြီး *.exe ဟုဆိုသည့်အတွက်
Memory Stick H အတွင်းရှိ exe များအားလုံးကို ကြည့်ရှူနိုင်ရန်အတွက် ဖြစ်ပါသည်။/a သည် System File များကိုဖြစ်စေ၊ Hidden ဖြစ်နေသည့်
Virus များနှင့် ထို Virus များ ကြောင့်Hidden ဖြစ်နေသည့် File များနှင့် Folder များကို တွေ့မြင်နိုင်ရန်အတွက်ဖြစ်ပါသည်။ ထို့ကြောင့် dir h:\*.exe /a မှာ
Memory Stick H အတွင်းရှိ Hidden ဖြစ်နေသည့် exe virus များကို ဖော်ပြရန် အတွက်အသုံးပြုခြင်းဖြစ်ပါသည်။ ထို့နောက် အောက်ဖော်ပြပါပုံအတိုင်း
Memory Stick H အတွင်းရှိ exe Virus များကိုတွေ့မြင်ရမည်ဖြစ်ပါသည်။အဆိုပါ exe virus များကို ရှင်းလင်းရန်အတွက် del h:\*.exe command ရိုက်၍
Enter နှိပ်ရပါမည်။ ၄င်းမှာ Memory Stick H အတွင်းရှိ exe များအားလုံးကို Delete ပြုလုပ်ခြင်းဖြစ်ပါသည်။ သို့ရာတွင် အောက်ဖော်ပြပါပုံအတိုင်း
Could Not Find h:\*.exe ဟု Drive H အတွင်း exe File များမရှိပါဟု Message ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ dir h:\*.exe /a ဖြင့်ကြည့်ရှူစဉ်က
exe File များကိုတွေ့မြင်ရပြီး ယခု Delete ပြုလုပ်သည့်အခါတွင် မရှိပါဟု message တွေ့မြင်ရခြင်းမှာ Virus များမှထိန်းချုပ်ထားသည့်အတွက်ဖြစ် ပါသည်။
အဆိုပါ Virus များ၏ထိန်းချုပ်မှုကိုဖြေရှင်းရန်အတွက် attrib h:\*.exe –s –r –h Command ကိုအသုံးပြုရပါမည်။ ၄င်း Command တွင် attrib သည်
attribute ကိုဆိုလိုခြင်းဖြစ်ပြီး ၄င်းသည် File တစ်ခုကို ပုံမှန်အားဖြင့် ဖျက်ဆီးမရအောင်ပြုလုပ်နိုင်ပါသည်။ s သည် System File အဖြစ်သက်မှတ်ထားပြီး
သာမန်  Delete ဖြင့်ဖျက်၍မရပါ။ r သည် Read Only ဖြစ်ပြီး တွေ့ရှိနိုင်သော်လည်း ရေးသားပြင်ဆင်ခွင့်မပြုပေ။ h သည် hidden ဖြစ်ပြီး
ပုံမှန်အားဖြင့်မြင်တွေ့နိုင်ခြင်းမရှိစေရန် လုပ်ဆောင်ပါသည်။ exe virus သည် system File အယောင်ဆောင်ထားပြီး ဖျက်ဆီးမရအောင်ပြုလုပ်ထားခြင်း၊
ပုံမှန်အားဖြင့်မြင်တွေ့ခြင်းမရှိစေရန် Hidden ပြုလုပ်ထားခြင်းစသည့်ထိန်းချုပ်ထားမှုများကို ဖြေရှင်းရန်အတွက် – ကိုအသုံးပြုခြင်းဖြစ်ပါသည်။
Virus များ၏ထိန်းချုပ်မှုကို ဖြေရှင်းပြီးနောက် exe Virus ကိုရှင်းလင်းနိုင်ပြီဖြစ်ပါသည်။ ယခင်အသုံးပြု ပြီးသည့် del h:\*.exe Command ကိုအသုံးပြုရပါမည်။
ထို့နောက် Memory Stick H အတွင်းရှိ exe virus များ ကျန်ရှိနေခြင်းရှိ၊ မရှိကို dir h:\*.exe /a ဖြင့်ကြည့်ရှူပါက exe Virus များမရှိတော့ကြောင်း
တွေ့မြင်ရမည် ဖြစ်ပါသည်။ ထို့ကြောင့် ကွန်ပျူတာများအတွင်းရှိ exe Virus များကို Command Prompt ဖြင့်လွယ်ကူစွာ ရှင်းလင်းနိုင်ပါသည်။
Memory Stick များအတွင်းရှိ exe Virus များကို ရှင်းလင်းရန်အတွက် အောက်ဖော်ပြပါ Command 3 ကြောင်းသာလိုအပ်ပါသည်။

dir h:\*.exe /a                             Virus များကိုစစ်ဆေးခြင်း။
attrib h:\*.exe –s –r –h        Virus များ၏ထိန်းချုပ်မှုကိုဖြေရှင်းခြင်း။
del h:\*.exe                       Virus များကိုရှင်းလင်းခြင်း။

အိုင်တီကျောင်းသားလူငယ်

Hardwareနဲ့ပက်သက်ပီးကြည့်ရှုနိုင်မဲ့websiteလေးပါ

Hardwareနဲ့ပက်သက်ပီးကြည့်ရှုနိုင်မဲ့websiteလေးပါ


ကျွန်တော်အခုတင်ပေးမဲ့ဆိုဒ်လေးကတော့
ဟက်ဝဲသမားတွေအတွက်အဆင်ပြေစေမဲ့ဆိုဒ်လေးပါ
မသိတာလေးတွေဝင်ရောက်လေ့လာလို့ရတာပေါ့
အောက်ကလင့်လေးမှာဝင်ရောက်ကြည့်နိုင်ပါတယ်


Website Link>>>http://www.gsmhike.com/ 

အိုင်တီကျောင်းသားလူငယ်

IROOT V1.8.7.1 (ONE CLICK ROOT)


iRoot ဆိုရင်တော့ လူတိုင်းရင်းနှီးပြီးသားဖြစ်တဲ့အတွက် အထူးပြောနေစရာမလိုတော့ဘူးထင်ပါတယ် One Click ဖြင့် Root Accss ရရှိနိုင်တဲ့ Root Tool တွေထဲမှာ အကောင်းဆုံးတစ်ခုဖြစ်တဲ့ iRoot  နောက်ဆုံးထွက် Update လေးတင်ပေးလိုက်ပါတယ်။ iRoot လေးဟာ ဖုန်းတွေကော ကွန်ပျူတာ တွေမှာ တချက်နှိပ်လိုက်ရုံဖြင့် Root လုပ်နိုင်တဲ့ Tool လေးဆိုရင်မမှားပါဘူး....။ Link နှစ်ခုချပေးထားပါတယ် ကွန်ပျူတာ အတွက်ကော စမတ်ဖုန်း အတွက်ပါ ကြိုက်တာကို အောက်မှာဒေါင်းယူသွားနိုင်ပါပြီ။

iRoot for windows 

http://www.mediafire.com/download/f0xc4rp7l2zhk6h/iRoot_1.8.7.1_AyeKyaw.exe

 

iRoot for Mobile APK

http://www.mediafire.com/download/9whjvhu9kb2dn48/iRoot_3.1.0_160323_1000_AyeKyaw.apk

အိုင်တီကျောင်းသားလူငယ်

Wednesday, March 23, 2016

အကောင်းဆုံး ADB and Fastboot ကို ၁၅ စက္ကန့်ဖြင့် Install ပြုလုပ်နည်း


ADB and Fastboot အတွက် အကောင်းဆုံး ဖန်တီးမှုတစ်ခုဖြစ်တဲ့
adb-setup-1.4.3 ကိုအားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ADB and Fastboot ဟာ ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်ပြီး အလုပ်လုပ်ရန်တွင်
ဘယ်လောက်ထိအသုံးဝင်တယ် မရှိမဖြစ် ရှိနေသင့်တယ်ဆိုတာကို အားလုံးလည်း
သိပြီးသားဖြစ်ကြမယ်ထင်ပါတယ်။

ဖုန်းတစ်လုံးကို ပြမ်းမျှအားဖြင့် Bootloader/TWRP/Flash/Root လုပ်တာတွေကို
လုပ်ဆောင်နိုင်ရန်အတွက် မိမိကွန်ပျူတာမှာ သက်ဆိုင်ရာ ADB and Fastboot ကို
အသင့် Install ပြုလုပ်ထားပြီးသားဖြစ်နေဖို့လိုအပ်ပါတယ်။

ဒီ ADB and Fastboot Tool က Android စမတ်ဖုန်းတွေအတွက်
ဘာတွေကိုအဓိကလုပ်ဆောင်နိုင်သလဲဆိုရင်တော့ Android အတွင်းပိုင်းကို
Mod/Hack ပြုလုပ်ချင်တဲ့သူတွေအတွက် အထူးအသုံးဝင်တဲ့ Powerful Tool ဖြစ်ပါတယ်။

အရင်တုန်းကတော့ ဒီ ADB and Fastboot တစ်ခုကိုကွန်ပျူတာမှာ Install ပြုလုပ်ပြီး
အသုံးပြုမယ်ဆိုရင်တော့ အရမ်းခက်ပါတယ်၊ SDK ဆော့ဝဲကို ဒေါင်းလော့ယူ၊ ပြီးတော့မှ
ကွန်ပျူတာမှာ ခက်ခဲစွာ Install ပြုလုပ်ယူတာမျိုးပါ၊

အခုတော့ ကွန်ပျူတာမှာလိုအပ်နေတဲ့ ADB and Fastboot ကို
၁၅ စက္ကန့်လောက်ဖြင့် ADB and Fastboot ကို အလွယ်တကူ
Install ပြုလုပ်နည်းကိုအောက်မှာဆက့်လေ့လာကြည့်လိုက်ပါ။

ADB and Fastboot ဗားရှင်းများရယူပါ

Download Here adb-setup-1.4.2.zip

Download Here adb-setup-1.4.3.zip

ADB and Fastboot ကို ၁၅ စက္ကန့်ဖြင့် Install ပြုလုပ်နည်း
===============================
၁။ ဒေါင်းလော့ရလာတဲ့ adb-setup-1.4.3 ကို Double Click ထောက်ပြီး
ဖွင့်လိုက်ပါ၊ အောက်ပါပုံအတိုင်းပွင့်လာပါလိမ့်မယ်။


၂။ Do you want to install ADB and Fastboot? <Y/N>
နေရာမှာ "Y" သည် "Yes" ဖြစ်ပြီး၊ "N" သည် "No" ဖြစ်ပါတယ်။
"Y" ကိုရိုက်ထည့်ပြီး Enter ကိုခေါက်လိုက်ပါ။


၃။ Enter ကိုတစ်ချက်ခေါက်လိုက်တဲ့အခါ အောက်ပါပုံအတိုင်း
မြင်နေရပါလိမ့်မယ်။


၎။ ဒီတစ်ကြိမ်လည်း "Y" ဆိုပြီးရိုက်ထည့်ပြီး Enter ကိုခေါက်ချပေးလိုက်ပါ။


၅။ "Y" ကိုရိုက်ထည့်ပြီး Enter ကိုခေါက်ချလိုက်တဲ့အခါ
အောက်ပါပုံအတိုင်းမြင်နေရပါလိမ့်မယ်။


၆။ ဒီတစ်ကြိမ်လည်း "Y" ဆိုပြီးရိုက်ထည့်ပေးရဦးမှာပါ
သုံးကြိမ်သုံးခါအထိ "Y" ကိုပဲရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။


၇။ "Y" ကိုရိုက်ထည့်ပြီး Enter ကိုခေါက်လိုက်တဲ့အခါ
အောက်ပါပုံအတိုင်း မြင်နေရပါလိမ့်မယ်။


၈။ အောက်ဆုံး "Y" ကိုရိုက်ထည့်ပြီးလို့ Enter ကိုခေါက်လိုက်တဲအခါ
အောက်ပါပုံအတိုင်း တက်လာပါလိမ့်မယ်။ Next ကိုနှိပ်ပါ။


၉။ Next ကိုနှိပ်လိုက်ပြီးတဲ့အခါ အောက်ပါပုံအတိုင်း မြင်နေရပါလိမ့်မယ်။


၁၀။ လိုအပ်တဲ့ Drivers များကို Install ပြုလုပ်ပြီးတဲ့အခါ
အောက်ပါပုံအတိုင်းတက်လာပါလိမ့်မယ်၊ Finish ကိုနှိပ်ပေးလိုက်ပါ။


အကောင်းဆုံး ADB and Fastboot ကို ၁၅ စက္ကန့်ဖြင့်
Install ပြုလုပ်ခြင်း ကိစ္စအောင်မြင်စွာပြီးဆုံးပါပြီ။


အားလုံးကိုကျေးဇူးတင်ပါတယ်


MTK DEVICE တွေ USB DEBUGGING ON မထားလည်း ADB သိအောင်လုပ်နည်း


ကိုယ့်ဖုန်းမှာ USB Debugging ကို Enable လုပ်မထားခဲ့ရဘဲ Pattern Lock ကျတာပဲဖြစ်ဖြစ်.. တစ်ခုခုကြောင့် ဖုန်း Lock ကျသွားတဲ့အခါမျိုးမှာ ဒီ Tool က အဆင်ပြေပါလိမ့်မယ်..


လိုတာလေးတွေ ဒေါင်းလိုက်ပါအုံး.

၂။ MTK usb VCOM Driver ဒါကတော့ရှိပြီးသားဖြစ်မှာပါ...
၃။ Pattern,Pin,Passowrd ဖျက်ဖို့အတွက် Shaume or Rom Master or 
Other software များကိုတော့ ရှာဒေါင်းလော့ရယူလိုက်ကြပါ။
လိုအပ်တာတွေစုံပြီဆိုရင်တော့...
၁။ ဖုန်းကိုပါဝါပိတ်လိုက်ပါ...
၂။ MauiMETA ကို install လုပ်ပြီး ဖွင့်လိုက်ပါ....
၃။ menu bar ကနေ Option>Connect smart phone into META mode ကိုနှိပ်ပါ
reconnect button ကိုနှိပ်ပါ figure-1 ....


၎။ ပြီးတာနဲ့ ဖုန်းကို vol up ကိုနှိပ်ထားပြီး usb ကြိုးချိတ်လိုက်ပါ..  vol up ကိုမလွှတ်ပါနဲ့ ဆက်နှိပ်ထားပါ စက္ကန့်၂၀လောက်နှိပ်ထားလိုက်ရင်.. figure-2 ထဲကလိုပုံလေးပေါ်လာပြီဆိုရင် ဖုန်းဟာ META mode ထဲရောက်သွားပါပြီ logo မှာပဲရပ်နေပါလိမ့်မယ်.....


၅. ဒါဆိုရင်တော့ Adb က သိမယ့်အနေအထားရောက်သွားပါပြီ.. Adb နဲ့ စစ်ကြည့်ရင် ဖုန်းကို သိနေပါလိမ့်မယ်... Adb သိပြီဆိုတော့ Adb နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက် အမျိုးမျိုး လုပ်လို့ရပြီပေါ့ဗျာ... သေချာအောင် PC Suite တစ်ခုခုနဲ့ စစ်ကြည့်ပါ.. အောက်က ပုံမှာတော့ Pattern Lock ဖြည်ဖို့အတွက် ROM master ကိုဖွင့်လိုက်တာ ဖုန်းကို Adb သိနေတဲ့အနေအထားပါ... Adb သိနေတော့ Pattern ကို တစ်ချက်ပဲ နှိပ်ပြီး ဖြုတ်လိုက်တယ်လေ... User Data တွေ မဆုံးရှုံးတော့ဘူးပေါ့...



Credit Aputu Aung (MMUG)

အိုင်တီကျောင်းသားလူငယ်

ADB Command မှလုပ်ဆောင်ပေးနိုင်တဲ့အချက်များ


ADB Command မှလုပ်ဆောင်ပေးနိုင်တဲ့အချက်များ

device ကို သိမသိစစ်ခြင်း
device က root acess ရမရ စစ်နိုင်ခြင်း
device ထဲကို ကွန်ပျူတာကနေ file သွင်းနိုင်ခြင်း
device ထဲက ဖိုင်တွေကို ကွန်ပျူတာထဲကို လှမ်းထုတ်ခြင်း
Partition အစိတ်အပိုင်းများကို ကြည့်ရှုခြင်းနှင့်
အခြားကိစ္စများစွာ အတွက်သုံးပြုနိုင်ပါတယ်။


ADB Command ရိုက်ဖို့လိုအပ်ချက်များ

ADB Tool Folder တစ်ခု (File 4 File ပါရမည်)
ဖုန်းကို usb bebugging on ထားရန်
ဖုန်းရဲ့ သက်ဆိုင်ရာ driver သွင်းထားရန်
ဖုန်းနဲ့ ကွန်ပျူတာကို usb ကြိုးဖြင့် ချိန်ထားရန်

ADB Command ကိုဘယ်လိုရိုက်မလဲ

ADB Tool Folder ထဲလွတ်နေတဲ့ နေရာလွတ်နေရာမှာ
 shift key + right click Open Common windows Here ကိုရွေး
CMD screen ပေါ်လာမည် ဒါဆိုရင် ADB Command စရိုက်ဖို့ အသင့်ဖြစ်ပါပြီ

Useful ADB Command

ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ထားတာကို သိ မသိ စစ်ခြင်ရင်

adb devices

- ဖုန်း root လုပ်မထား ထားစစ်ချင်ရင်

adb shell su

ဖုန်းကို reboot ချချင်ရင်

adb reboot

ဖုန်းရဲ့ recovery mode ကိုဝင်ချင်ရင်

adb reboot recovery

ဖုန်းထဲကို software သွင်းချင်ရင်

adb install facebook.apk

(apk file သည် မိမိ command သုံးနေသော folder ထဲတွင်ရှိရမည်)

ဖုန်းထဲက ရှိနေပြီးသား ဆော့ဝဲနေရာမှာ တစ်ခြား ဆော့ဝဲထည့်ချင်ရင်

adb install -r facebook.apk
-r means reinstall

ဆော့ဝဲကို ဖုန်းထဲမှာမသွင်းပဲ sd card ထဲမှာ install လုပ်ချင်ရင်

adb install -s facebook.apk

ဖုန်းထဲကဆော့ဝဲကို uninstall လုပ်ချင်ရင်

adb uninstall com.facebook.katana

ကွန်ပျူတာထဲက ဖိုင်ကို ဖုန်းရဲ့ Directory_storage ထဲကိုထည့်ချင်ရင်

adb[space]push[space][file name.file extension][space]/
[Mobile Directory]/[File name.file extension]
adb push update.zip /sdcard/update.zip
adb push proxy.apk /sdcard/proxy.apk
adb push mypic.jpg /sdcard/mypic.jpg

- ဖုန်းထဲက ဖိုင်ကို ကွန်ပျူတာထဲကို လှမ်းထုတ်ချင်ရင်

adb pull /sdcard/proxy.apk C:\administratort\ _ _ _ _ _ \Desktop\proxy.apk

(ဒီနေရမှာ မိမိကွန်ပျူတာရဲ့ ဘယ်နေရာမှာ ထားမလည်းဆိုတဲ့ location ရွေးပေးရပါမယ်)

- Fastboot ကိုသွားချင်ရင်

adb reboot bootloader

- ဖုန်းတွင် system partition ရဲ့ partition block ကိုကြည့်ချင်ရင်

adb shell cat /proc/partitions
adb[space]shell[space]cat[space]/proc/partitions

ဒီလောက်ဆို ADB အသုံးပြုပုံ နာလည်လောက်ပြီ ထင်ပါတယ် ...။


Download Here ADB Tool in fastboot


Credit www.myanmarmobileapp.com
အိုင်တီကျောင်းသားလူငယ်

CPUZ လို Android Device Info တွေကို Command နဲ့ ကြည့်ကြမယ်


CPUZ ဆိုတာကတော့ Device Info လေးကို ကြည့်ရှုနိုင်တဲ့ apk လေးတစ်ခု ဖြစ်ပါတယ်။ လူတိုင်းအသုံးပြုဖူးမယ်လို့ထင်ပါတယ်။ CPUZ မှာပါတဲ့ Info လေးတွေကို Adb Command နဲ့ဘယ်လိုကြည့်ကြမလဲဆိုတာကို ဖော်ပြပေးမှာပါ။ 

Adb command တွေကိုတော့ အသုံးပြုတတ်ရပါလိမ့်မယ်။ 
တစ်ခုချင်းစီရဲ့ Information ကြည့်နည်းတွေကို ဖော်ပြပေးထားပါတယ်။

(လပေါင်းများစွာ ရှာဖွေထားတာဖြစ်ပါတယ် တန်ဖိုးထားစေချင်ပါတယ်)

General Information
**************************
1) Device Brand Name - adb shell getprop ro.product.brand
2) Device Model Name - adb.shell getprop ro.product.model
3) Time Zone - adb shell getprop persist.sys.timezone
4) Android Version - adb shelll getprop ro.build.version.release
5) Build No - adb shell getprop ro.build.display.id
6) Platform Version - adb shell getprop ro.board.platform
7) SDK Version (API Level) - adb shell getprop ro.build.version.sdk
8) Product Name - adb shell getprop ro.product.name
9) Release Date - adb shell getprop ro.build.date
10) Board Model - adb shell getprop ro.product.board
11) Language - adb shell getprop ro.product.locale.language
12) Region - adb shell getprop ro.product.locale.region
13) DeviceID - adb shell getprop net.hostname
14) Kernel Version - adb shell cat /proc/version
15) Fingerprint - adb shell getprop ro.build.fingerprint
16) Usage Time - adb shell uptime
17) USB Configuration - adb shell getprop persist.sys.usb.config
-------------------------------------------------------------------------

Network & Radio Information
*************************************
1) Network Type - adb shell dumpsys iphonesubinfo | findstr "Phone Type" (For Windows)
Phone Type - adb shell dumpsys iphonesubinfo | grep 'Phone Type' (For Linux or Shell)
2) IMEI No - adb shell dumpsys iphonesubinfo | findstr "Device ID"
(1 နှင့် 2 ဟာ တချို့ Lollipop ဖုန်းများ၊ Kitkat ဖုန်းများတွင် အဆင်မပြေပါ အဆင်ပြေတဲ့နည်းလမ်းများသိရင် မန့်ခဲ့ကြပါ)
3) Sim Card 1 Operator - adb shell getprop gsm.operator.alpha
4) Sim Card 1 AreaCode - adb shell getprop gsm.operator.numeric
5) Sim Card 1 NetworkType - adb shell getprop gsm.network.type
6) Sim Card 1 Country - adb shell getprop gsm.operator.iso-country
7) Sim Card 1 Operator/AreaCode/NetworkType and All Info
adb shell dumpsys telephony.registry
8) Sim Card 2 Operator - adb shell getprop gsm.operator.alpha2
9) Sim Card 2 AreaCode - adb shell getprop gsm.operator.numeric2
10) Sim Card 2 Networktype - adb shell getprop gsm.network.type2
11) Sim Card 2 Country - adb shell getprop.iso.country2
8) Sim Card 2 Operator/ AreaCode/Network type and all info
adb shell dumpsys telephony.registry2
(3) မှ (8) အထိသည် Device အတွင်း Sim Card ထည့်ထားမှ အလုပ်လုပ်ပါသည်။
9) Baseband Version - adb shell getprop gsm.version.baseband
10) Wifi/ Wifi Directed / Loopback IP Address / MAC Address ( All Info) - adb shell netcfg
11) Mobile Data/ Wifi / Hotspot etc Information - adb shell dumpsys connectivity
12) Bluetooth Info - adb shell dumpsys bluetooth_manager
( တစ်ချို့ဖုန်းများတွင် အလုပ်မလုပ်ပါ)
----------------------------------------------------------------
Display Info
***************
1) All Display Info - adb shell dumpsys display
2) Resolution - adb shell dumpsys display | findstr "DisplayDeviceInfo"
3) Density - adb shell getprop ro.sf.lcd_density
4) Orientation - adb shell dumpsys SurfaceFlinger | findstr "orientation"
(if orientation = 0 then Portrait and 1 then Landscape)
5) Refresh Rate - adb shell dumpsys SurfaceFlinger | findstr "refresh-rate"
6) Pixel per Inch 
X Axis - adb shell dumpsys SurfaceFlinger | findstr "x-dpi"
Y Axis - adb shell dumpsys SurfaceFlinger | findstr "y-dpi"
7) ScreenSize - square root of ((x resolution * x resoultion) + (y resolution * y resolution) / x axis pixel per inch)
-----------------------------------------------------------------
Battery Info
***************
1) AC Power - adb shell dumpsys battery | findstr "AC"
2) USB Power - adb shell dumpsys battery | findstr "USB"
3) Wifi Power - adb shell dumpsys battery | findstr "Wireless"
4) Status - adb shell dumpsys battery | findstr "status"
1- Unknown Battery Status, 2 - Charging, 3 - Discharging, 
4 - Not charging, 5 - Full charging
5) Health - adb shell dumpsys battery | findstr "health"
1 - Unknown Health State, 2 - Good, 3 - Overheat, 4 - Dead, 
5 - Over voltage, 6 - Unknown failure, 7 - Cold Battery
6) Level - adb shell dumpsys battery | findstr "level"
7) Voltage - adb shell dumpsys battery | findstr "voltage"
8) Temperature - adb shell dumpsys battery | findstr "temp"
value=temperature/10 in celcius
9) Technology - adb shell dumpsys battery | findstr "tech"
10) Electric Current - adb shell dumpsys battery | findstr "current"
(ဖုန်းတိုင်းတွင် အဆင်မပြေပါ)
------------------------------------------------------
Root and Busybox Info
*****************************
1) Root Check - adb shell su -v 
(if /system/bin/sh: su: not found then device is not root)
2) Busybox Check - adb shell busybox
(if /system/bin/sh: busybox: not found then device has no busybox)
------------------------------------------------------
Processor Soc (CPU, GPU) Info
****************************************
1) All Processor Info - adb shell cat /proc/cpuinfo
2) CPU Max Clock speed - adb shell cat /sys/devices/system/cpu/cpu0/cpufreq/cpuinfo_max_freq
value is hertz (Hz)
3) GPU Vendor - adb shell dumpsys SurfaceFlinger | findstr "GLES"
4) GPU Clock Speed - adb shell cat /sys/class/kgsl/kgsl-3d0/max_gpuclk
(Andreno GPU ကိုသာ ကြည့်နိုင်ပါသည်။ Mali ကို မရပါ။ Mali အတွက် သိသူတွေ မန့်ခဲ့ကြပါဦး)
--------------------------------------------------------------
Sensor Info
***************
1) All Sensor Info - adb shell dumpsys sensorservice
--------------------------------------------------
Mount Point Info
********************
1) All Mount Point - adb shell mount
----------------------------------------------
RAM (Memory) Info
*************************
1) All Memory Info - adb shell cat /proc/meminfo
----------------------------------------------------
ROM (Storage) Info
*************************
1) All Storage Info - adb shell df
------------------------------------------
Device Features
*********************
1) All Features - adb shell pm list features

အိုင်တီကျောင်းသားလူငယ်

၂၀၁၆ မှာ သိသင့်တဲ့ Facebook Tricks များ


ကမ္ဘာ့ လူသုံးအများဆုံး Facebook က သူ့ရဲ့ လူမှုကွန်ရက်မှာ စွမ်းဆောင်ချက်အသစ်များကို ဖန်တီး ထည့်သွင်းပေးနေပါတယ်။ ဒါ့အပြင် စွမ်းဆောင်ချက် အဟောင်းတွေကိုလည်း အမြဲတမ်း Update လုပ်ပေးနေပါတယ်။ ၂၀၁၆ မှာလည်း Facebook က စွမ်းဆောင်ချက်အသစ်များကို ထည့်သွင်းပေးနေပါတယ်။ Facebook ရဲ့ အမူအကျင့်အတိုင်းပဲ တစ်ကမ္ဘာလုံးအတွက် စွမ်းဆောင်ချက်အသစ်များကို တစ်ဖြည်းဖြည်းချင်း ဖြန့်ချီပေးနေတာဖြစ်တဲ့အတွက် အောက်ဖော်ပြပါ စွမ်းဆောင်ချက်အသစ်များကို စာဖတ်သူ အသုံးပြုခွင့်ရချင်မှ ရအုံးမှာပါ။ ဒါပေမယ့် မကြာခင်မှာ အသုံးပြုနိုင်ခွင့်ရတော့မှာဖြစ်တဲအတွက် လေ့လာထားသင့်ပါတယ်။

၁။ Facebook Chess

Facebook က မကြာမီကပဲ Messenger မှာ Chess ကစားနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးလိုက်တယ်လို့ ကြေညာပါတယ်။ Messenger မှာ သူငယ်ချင်းများနဲ့ စစ်တုရင် ကစားနိုင်မှာပါ။ သူငယ်ချင်းတစ်ယောက်ကို ရွေးချယ်ပါ။ “ @fbchess play” လို့ ရိုက်ပြီး စာပို့ပါ။

 
၂။ Private Replies ဖြင့် Comments များကို ဖြေဆိုပါ။

Facebook Page များမှ Comment များကို Reply ပြုလုပ်ရင် လူအားလုံး မြင်တွေ့နိုင်ပါတယ်။ အခုတော့ Private Reply ပြုလုပ်နိုင်ပါပြီ။ အဲဒီအတွက် အခြားလူများ မသိစေချင်တဲ့ အရာများကို Reply လုပ်နိုင်ပါတယ်။ Comment တစ်ခုရဲ့ အောက်မှ Reply Button ဘေးမှာ Message Option ကို တွေ့မြင်ရမှာပါ။ သင်ပေးပို့လိုက်တဲ့ Message ကို မူလ Content နဲ့ ချိတ်ဆက်ပေးမှာဖြစ်ပါတယ်။

၃။ Profile Information

ဒီစွမ်းဆောင်ချက်ဟာ Facebook Timeline မပေါ်ခင်တုန်းက ပံ့ပိုးပေးထားပြီး နောက်ပိုင်းမှာ ဖယ်ရှားခဲ့ပါတယ်။ အခုတော့ ပြန်လည်ထည့်သွင်းပေးလိုက်ပါပြီ။ သင့်ရဲ့ Timeline မှ အလုပ်အကိုင်နဲ့ နေရပ်လိပ်စာရဲ့ အထက်မှာ သင့်အကြောင်း ဖော်ပြနိုင်တဲ့ Box လေးပေါ်လာမှာပါ။ အဲဒီမှာ စာလုံးရေ ၁၀၁ လုံးအထိ ရေးသားနိုင်ပြီး ဓါတ်ပုံ ၅ ပုံ ထည့်သွင်းနိုင်ပါတယ်။ သင့်ရဲ့ ကိုယ်ရေးအကျဉ်းကို Public အနေနဲ့ ပြသပေးမှာပါ။

 

၎။ Music Stories

အင်တာနက်မှ သီချင်းထုတ်လွှင့်တဲ့ ၀န်ဆောင်မှုများဟာ ခေတ်စားနေပါတယ်။ Facebook ကလည်း သူ့ရဲ့ လူမှုကွန်ရက်မှာ သီချင်း ၀န်ဆောင်မှုကို ထည့်သွင်းနိုင်မယ့် နည်းလမ်းများကို ရှာဖွေနေပါတယ်။ အဲဒီထဲက တစ်ခုက လက်ရှိမှာ iOS မှာသာ အသုံးပြုနိုင်သေးတဲ့ Music Stories ဖြစ်ပါတယ်။ မကြာမီမှာ Desktop မှာ ရရှိလာမယ်လို့ ထင်ရပါတယ်။ Music Stories မှာ Spotify, Apple Music, NPR, Deezer နဲ့ အခြား ၀န်ဆောင်မှုများမှ စက္ကန့် ၃၀ ကြာ သီချင်းများကို နားဆင်နိုင်မှာပါ။

၅။ Local Insights for Businesses

စီးပွားရေးလုပ်ငန်းများရဲ့ Page များမှ Insights Tab မှာ Local ကဏ္ဍ အသစ် ပါလာပါတယ်။

Local Insights မှာ ပံ့ပိုးပေးထားတဲ့ သတင်းအချက်အလက်များမှာ

• သင့် စီးပွားရေးလုပ်ငန်းရဲ့ မီတာ ၅၀ အတွင်းမှ Facebook အသုံးပြုသူ အရေအတွက်၊ အသုံးပြုမှု အများဆုံး အချိန်၊ နေ့ရက်များ၊ ရုပ်ပုံကားချပ်များ။
• တည်နေရာအလိုက် ပစ်မှတ်ထား ကြော်ညာနိုင်တဲ့ Local Awareness Ads အတွက် သတင်းအချက်အလက်များ။
• နေရာများစွာမှာ လုပ်ငန်းခွဲများရှိတဲ့ စီးပွားရေးလုပ်ငန်းများအတွက် တည်နေရာတစ်ခုစီအတွက် ဖုန်းနံပါတ်များ၊ လမ်းညွှန်ချက်များ ထည့်သွင်းနိုင်မယ့် သတင်းအချက်အလက်များ။
တို့ ပါဝင်ပါတယ်။

 

 ၆။ Facebook Mentions

Twitter ရဲ့ Periscope ဟာ နာမည်ကျော်များအတွက် သူတို့ရဲ့ Fans များနဲ့ တိုက်ရိုက် ထိတွေ့နိုင်တဲ့ အတွက် နာမည်ကြီးပါတယ်။ Live Video များ ရိုက်ကူး ထုတ်လွှင့်နိုင်တာပါ။ Facebook ကလည်း ယခင်နှစ်က Facebook Mentions Platform နဲ့ အဲဒီ Trend ကို ၀င်ရောက်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ နာမည်ကျော်များသာ သုံးနိုင်ခဲ့တာပါ။ အခုတော့ Facebook Mentions ကို Pages တော်တော်များများအတွက် ဖြန့်ချီပေးလိုက်ပါပြီ။ မကြာမီမှာ Facebook Users အားလုံးအတွက် ဖြန့်ချီပေးမယ်လို့ သတင်းထွက်နေပါတယ်။

 

၇။ Search Feature အသစ်

ဒီစွမ်းဆောင်ချက်ကိုတော့ လူအနည်းငယ်ပဲ သုံးနိုင်ပါသေးတယ်။ သင့်သူငယ်ချင်းရဲ့ Timeline မှာ သူ့ရဲ့ ပို့စ်များကို Search Box ကနေ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ Facebook က သူ့ရဲ့ Search Engine ကို ကောင်းသထက် ကောင်းအောင် ပြုလုပ်ပေးနေပါတယ်။ Search Commands များကိုလည်း ပံ့ပိုးပေးထားပြီး မကြာမီကလည်း “ Friends near me” လို့ရိုက်ပြီး သင့်အနားမှ သူငယ်ချင်းများကို ရှာဖွေနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးလိုက်ပါတယ်။ Facebook App ကနေ ရှာဖွေရတာဖြစ်ပြီး လူအနည်းငယ်သာ သုံးနိုင်ပါသေးတယ်။



Credit - www.myanmardigitallife.com